Tuesday, April 28, 2009

သမိုင်းထဲကို ပြန်မရောက်ချင်


သမိုင်းထဲကို ပြန်မရောက်ချင်
-----------------------
ထိုလွန်ခရေ
နှစ်ပေါင်း (၂၀၀) အကျော်ကပင်
ဒေကနိထိ
ညီညွတ်မှုဆိုရေ
တိုက်ပွဲကိုဆင်နွှဲလာကတ်စွာ
ပြောပုံကအဟုတ် လုပ်ပုံကတလွဲနန့်
ငါအပါဝင် ရခိုင်သားအားလုံး --။

ရာစုနှစ်တိကပြောင်းကေလည်း
မျိုးချစ်ဆိုရေ စကားလုံးက
ရခိုင်တိသားတိ "ပါးစ" မှာမပြောင်း
ဟောင်နီရေခွီးတကောင်နန့်ကား
ငါမနှိုင်းချင်ပျာယ် --။

“အသျှင်...
မင်းကောင်းကောင်းရိုင်းရေကား” လို့
ပြောဖို့စွာက အသေချာဆုံး --။

စကားလုံးက...
"ငါရို့တိရာ အမျိုးအချစ်ဆုံး" ပုံစံနန့်
တမျိုးသားလုံးကို လိမ်ဖို့ကြိုးစား
သူရဲကောင်းပုံစံ
ကိုယ့်ကိုယ်ကို အသားယူပြော --။

ရခိုင်သား..
အမှန်ကိုရာမြင်ကေ
ဆင်ခြီသုံးဖို့ အချိန်မဟုတ်
အလုပ်နန့်သက်သီပြရဖို့စွာ
မင်းလည်းငါပါ မြင်ပါလိမ့်မည် --။

ကြားဖူးရေကား
တော်လှန်ရေးသမိုင်းထဲမှာ
ဟိုးဟိုးကျော်ရေ အဖွဲ့စည်းတိ
သူရို့တိကား ညီညွတ်မူနန့်
အောင်မြင်မှုတိကို
လုပ်နိုင်ခယင့်လား --။

ပြောချင်စွာက...
မင်းဇာပြောလဲ ငါဇာပြောလဲ
ပြန်ပနာဆင်ခြင်ကြည့်
အပြောနန့်အလုပ်
တညီတည်းပြကက်မည်
ကွဲပြဲနီရေ သမိုင်းထဲသို့
ပြန်မရောက်ချင်ပျာယ် --။

အသျှင် (Ashun)

No comments:

Post a Comment